Sunday, January 31, 2016
တနေ့တစ်ချိန်ကျရင် သင်အိမ်ထောင်ပြုပြီး သင့်ဘဝအတွက် မျိုးဆက်သစ်လေးတွေ မွေးဖွားမယ်လို့ စိတ်ကူးရှိရင် ဒီစာကို ဖတ်ထားပြီး သိမ်းထားပါ ။
-----------------------------------
သင့် ကလေး ကို ထိခိုက် လွယ်သော စကားများ
============================
တစ်ခါ တစ်လေ စကား တစ်ခွန်းကြောင့် ကလေး ဘ၀ တစ်ခုလုံး ကို ထိခိုက် သွားတာမျိုး ရှိတတ်ပါ တယ် ။ အောက်ပါ စကား များ ကို သင်ပြောမိ တာမျိုး ရှိတတ် ပါသလား ဆန်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။
၁။ အလကားကောင် အသုံး မကျတဲ့ကောင်
မိဘများ အထူးဆင်ခြင်သင့် ပါတယ်။ ကလေး ဆိုတာမျိုးက မိဘ ရည်ညွန်း သလို ဖြစ်တတ် သွားပါ တယ်။ အော.. ငါ့ အဖေက ငါ့ကို အလကားကောင် လို့ပြောနေပါလား ငါ တကယ်ပဲ အသုံး မကျ တဲ့ကောင်ဖြစ်နေတာပဲ စသည်ဖြင့် ကလေးကို အသိ ၀င်သွားစေ တတ်ပါတယ်။
၂။ မင်း ပါးစပ် ပိတ်ထားစမ်း
မင်း ပါးစပ် ပိတ်ထားစမ်း၊ မင်း ဘာလို့ မိဘ စကားကို နားမထောင် တာလဲ စကား နားထောင်ခြင်း ဆိုတာ နာခံခြင်း ကို ကိုယ်စားပြုနေတတ် ပါတယ်။ တကယ်လို့ ကလေးက မိဘပြောတိုင်း ဒါ အမှန်ပဲ၊ ငါ့အဖေ အမေတောင် ဒီလိုပြောတာ အကုန်လုံး မှန်တယ်လို့ အထင်ရောက် သွားစေခဲ့ရင် ကလေးစဉ်းစား ဥာဏ် ထိုင်းသွားစေနိုင် ပါတယ်။
ကလေးကို ငြင်းဆို ခွင့် သူ့ အမြင် သူတင်ပြပိုင် ခွင့် ပေးထား သင့်ပါတယ်။ ဖေဖေ ပြောတာ သားကောင်းဖို့ အတွက် ဆိုပေမဲ့လို့ အားလုံး မှန်ချင်မှ မှန်မှာ၊ သားပြန် စဉ်းစားကြည့်၊ မှန်တယ် ဆိုရင် လက္ခံ လိုက်၊ ဖေဖေပြော တဲ့ အတိုင်း လုပ်လိုက်၊ အဲလိုပြောရင် ကလေးက ပို လက္ခံတတ်ပြီး စဉ်းစားခိုင်းရာ လည်းကျပါတယ်။
၃။ ငါ မရဘူး ဆိုရင် မရ ဘူးပဲ
မိဘ သြဇာပြတာပါ။ မှားမှား မှန်မှန် ဒီအိမ် မှာ ဒါပြီးမှ ပြီးတယ် ဆိုတဲ့သဘော ဆောင်ပါတယ်။ တစ်ချက်လွတ် အမိန့် သုံးတတ်တဲ့ မိဘမျိုး ပြောလေ့ ရှိပါတယ်။ တစ်အိမ်သားလုံး ကိုယ့်ကို ကြောက်နေတာ မျိုးကို ဂုဏ်ယူ တတ် တဲ့ လူစားမျိုး ဖြစ်နေတတ်ပါတယ်။ ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်း ကို ကိုယ်စား လုံးဝ မပြု တာ ကို သတိပြု သင့်ပါတယ်။
၎။ မင်း ငါတို့ နဲ့ မဆိုင်တော့ဘူး၊ မင်း လုပ်ချင် သလိုလုပ်တော့
သားသမီး ကို စိတ်ပျက်ပြီ ဆိုတဲ့ သဘောမျိုး နဲ့ ပြောတဲ့ စကားမျိုးပါ။ တစ်ခုခု ကို လုပ်ခိုင်းလိုက် လို့ ကလေးကို ဘယ်လို နည်းနဲ့ မှ ဖျောင်းဖြလို့ မရတော့ တဲ့ အခါမျိုး မှာသုံးစွဲ တတ်ပါတယ်။ မိဘ က ကိုယ့်ကို စိတ်ကုန် သွား ပြီ လို့ ကလေး အထင်ရောက် သွားစေပါတယ်။ ကလေး စိတ်ဓါတ် ကျလွယ်စေတတ် ပါတယ်။
၅။ မင်း အမှတ် (၁၀၀ ) ရရင် ဘာဘာ ၀ယ်ပေးမယ်
အပေး အယူ လုပ်တာပါ။ မင်း ငါ့ကို ဒါရအောင်လုပ်ပေးရင် မင်းကို ဒါ လုပ်ပေးမယ် ဆိုတဲ့ သဘောမျိုး ကိုဆောင် ပါတယ်။ အဲဒီ အမှတ်မှ မရရင် ၀ယ် မပေးနိုင်တဲ့ သဘော၊ မိဘ က ၀ယ်မပေးချင် လို့ အဲလိုပြော တာမျိုး အထင်ရောက်သွားစေ ပါတယ်။ ကြိုးစားခြင်း ဆိုတာ ကလေး ရဲ့တာဝန် လို့ ကလေးကို သိစေသင့်ပါ တယ်။ မိဘ အတွက်ကြိုးစားတာ မျိုး မဖြစ်သင့် ပါဘူး။
၆။ ကလေးချင်း အတူတူ ပဲ မင်း ဘာလို့ သူများလောက် မထူးချွန်တာလဲ
ကလေး ဆိုတာ ကိုယ့် အရည်အချင်း နဲ့ ကိုယ် ရှိတတ် တာမို့ သူများ ကလေးနဲ့ နိုင်းနိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေ နဲ့ ခိုင်းနိုင်းပြီး ကလေးကို ဆုံးမ တာလောက် ကလေးကို စိတ်ထိခိုက်စေတာ မျိုး မရှိတော့ ပါဘူး။
Credit: Sayar Aung Ko Latt
Thursday, January 28, 2016
အောင်မြင်ဖို့ ကြိုး စား ကြရာတွင် တခါတရံ မျက်စိလျှမ်း တဲ့ အချက် ကလေးတွေ ရှိတတ်ပါတယ်၊ အဲဒါက တော့ ကျန်းမာရေး ပဲ ဖြစ်ပါတယ်၊ ဘယ်လောက် ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက် ပဲ တော်တော် ကျန်းမာရေး မကောင်း ပါက အချည်းနှီး ပင် ဖြစ်ပါတယ်၊ တချို့လည်း ကြိုး စားရင်း ကျန်းမာရေးကြောင့် နှစ်နဲ့ ချီ အနားယူ ရ သလို၊ တချို့လည်း အသက်ဆုံးရှုံး ခဲ့ပြန်ပါတယ်။
ဒါကြောင့် အသက်ရှည်ရှည် နေ ပြီး၊ အောင်မြင် နေဖို့ လိုပါတယ်၊ ဒီ အတွက် မိမိ ရဲ့ စားသောက် နေထိုင် မှု ပုံစံ ကို အခု ကတည်း က စပြီး ဂရုပြုဆောင်ရွက် သင့်ပါတယ်။
နောက်တခု ကတော့ ဉာဏ်ပညာ ထက်မြက်ခြင်း ပင်ဖြစ်သည်၊ ကြိုးစား တာခြင်း တူပါက ဉာဏ်ပညာ ထက်မြက် သူက ရှေ့သို့ အရောက် မြန်မည်ဖြစ်သည်၊ ဆေးသပ္ပံစာတန်း များ၏ အဆိုအရ သင်၏ ခလေးကို ၀ မှ ၂ နှစ် အတွင်း အလျှံအပယ် ကျွေးသင့် ပေသည်၊ ၀ မှ ၅ နှစ် အတွင်းခလေး ကို သေချာပြုစုကျွေးမွေး ပါက ထိုခလေး၏ ဉာဏ်ရည် ထက်မြက် လာပေမည်၊ ထိုဉာဏ်ရည် ထက် သော ခလေး ကို သေချာပြုစု ပျိုးထောင်ပါ က ထူချွန်ထက်မြက် သော သားကောင်းရတနာ သမီးကောင်း ရတနာ များဖြစ်လာမည် မှာ မြေကြီး လက်ခတ် မလွဲပေ။
ကျွန်တော် တို့တွေ တစုံ တရာ ကို ဆုံးဖြတ်ချက်ချ မယ်၊ ကောက်ချက် ချမယ် ဆိုရင် အဲဒီ အရာနဲ့ သက်ဆိုင် တဲ့ အရာအားလုံး (all inputs) သည်၊ မိမိဆီ မှာ ရှိနေရပါမယ်၊ အကယ်၍ များ input မပြည့်ဆုံ လို့ရှိရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကောက်ချက် သည် လွဲသွားနိုင်ပါတယ်၊ input (data) ရှိယုံ နဲ့ ပြီးပြီ လား ဆိုတော့ မပြီး ပါ၊ မိမိ သည် အဲဒီ ကောက်ချက် ဆွဲ တဲ့ အကြောင်း အရာ ကို သေသေချာချာ သိမြင်နားလည် ရဲ့လား ဆိုတာလည်း အရေးပါ ပါတယ်၊ မိမိ ကောက်ချက်ဆွဲ ရမယ့် အကြောင်း အရာ သည် မိမိ ဘယ်လို မှ နားလည် လို့ မဖြစ်နိုင်ဘူး ဆိုရင်၊ သင်သည် ထိုအကြောင်း အရာ ကို မဆုံးဖြတ်နိုင်၊ ကောက် ချက် မဆွဲနိုင်ချေ၊ ထို့ အပြင် မိမိ ရရှိထားသော input (data) သည် မှန်ကန် မှု ရှိ မရှိ လည်း အရေး ပါသေး သည်၊ ရရှိထား သော input (data) သည် အမှား ဖြစ်ပါက လည်း သင် သည် မှန်ကန် သော ကောက် ချက် ကို ဆွဲ နိုင် မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် သင်ရရှိထားသော input (data) ၏ မှန်ကန် မှုရှိ မရှိ ကို စစ်ဆေး နိုင်သည့် စွမ်းရည်ရှိဖို့ လိုပေသည်၊ သင် ၏ တရား မျှတ၊ ဘက် မလိုက် မှု သည် လည်း ကောက် ချက် ဆွဲရာ တွင် အရေးပါပေသည်၊ သင် သည် ၃ ကို ၄ ဟု မြင်နေ သမျှ လည်း မှန်ကန်သော ကောက်ချက် ကို မဆွဲနိုင်ပါ။
ဘာရယ်လို့မဟုတ်ပါ၊ ကောက်ချက် ဘယ်လို ဆွဲသင့် သလဲ ဆိုတာ စဉ်းစား ရာ မှ ပေါ်လာ သော အတွေး စများ သာ ဖြစ်ပါသည်။
စီးပွားရေးနဲ့ပတ်သက်ပြီး သိထားရမည့်အချက်(၇)ခု
၃။ အချိန်ကို သိပါ။
၎။ ခွန်အားကို သိပါ။
၆။ ငွေကြေးကို သိပါ။
စီးပွားရေးနဲ့ပတ်သက်ပြီး သိထားရမည့်အချက်(၇)ခု
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါသလား။ စီးပွားရေးနဲ့ပတ်သက်ပြီး မသိမဖြစ် သိထားရမယ့် အချက်တချို့ရှိပါတယ်။ ဒီအချက်တွေကတော့ –
၁။ ကိန်းဂဏန်းတွေကို သိထားပါ။
စီးပွားရေးသမားတော်တော်များများက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲက အချက်အလက်တွေ၊ ကိန်းဂဏန်းတွေတွေကို မသိတတ်ကြပါတယ်။ တကယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်ပြီး နှုန်းထားအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးကို သိထားရမှာဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်တင်ရာမှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ အသိပညာဗဟုသုတရှိရမှာ ဖြစ်ပါတယ်။ ရရှိနိုင်သမျှ သတင်းအချက်အလက်၊ ကိန်းဂဏန်းမှန်သမျှကို အကျိုးရှိရှိအသုံးချပါ။
၂။ နည်းလမ်းမှန်သမျှသိထားပါ။
လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် သက်ဆိုင်ရာနည်းလမ်းတွေ၊ ကိရိယာတွေရှိပါတယ်။ ဒီနည်းလမ်းတွေကို ဘယ်လို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချမလဲဆိုတာကို လေ့လာဖို့လိုအပ်ပါတယ်။ စားသုံးသူတွေကို သင်ကျွမ်းကျင်တဲ့နည်းလမ်းနဲ့ ဝန်ဆောင်မှုပေးနိုင်မယ်ဆိုရင် အားပေးမှုတွေရရှိမှာဖြစ်ပါတယ်။
၃။ အချိန်ကို သိပါ။
ကိုယ့်အချိန်ကို ကိုယ်သိတဲ့သူတွေက သူတို့ရဲ့လုပ်စရာကိစ္စတွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သင့်အနေနဲ့ ဖြည့်ဆည်းပေးရမယ့် ဝန်ဆောင်မှုတွေကို အမြဲနောက်ကျနေမယ်ဆိုရင် လုပ်ငန်းတိုးတက်ဖို့ အခွင့်အလမ်း မရှိပါဘူး။ အချိန်ကို ထိထိရောက်ရောက်အသုံးချတတ်မယ်ဆိုရင်တော့ စားသုံးသူတွေအားလုံးရင်ထဲငြိစေမယ့် ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
၄။ ခွန်အားကို သိပါ။
အလုပ်ကို အင်အားသုံးပြီး ကြိုးကြိုးစားစားလုပ်တိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။ နည်းစနစ်မှန်ကန်ရင် ခွန်အားကို လိုတာထက်ပိုစိုက်ထုတ်စရာမလိုပဲ အောင်မြင်နိုင်ပါတယ်။
၅။ လူမှုအသိုင်းအဝိုင်းကို သိပါ။
သင့်ပတ်ဝန်းကျင်က လူတွေရဲ့ အရည်အချင်းတွေကို သိထားတာက အမှားကင်းတဲ့လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်စေပါတယ်။ သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်ကိုဝန်းရံပေးဖို့ မှန်ကန်တဲ့လူတွေရှိနေမယ်ဆိုရင် အောင်မြင်မှုကို ရပ်တန့်မရနိုင်တော့ပါဘူး။ သင့်လုပ်ငန်းက တောင်းဆိုလာတဲ့နေရာမှန်သမျှမှ သင့်တော်ရာ လူမှန်နေရာမှန် ထည့်သွင်းတတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ပေးနိုင်သမျှ အမြင့်ဆုံးခံစားခွင့်တွေ ပေးထားပါ။
၆။ ငွေကြေးကို သိပါ။
သင့်ကိုယ်ပိုင်ငွေကြေးအကြောင်းကို သေချာသိရင် ငွေကြေးကို ပွားများလာအောင် လုပ်တတ်လာပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်စုဆောင်းတယ်ဆိုတာကို အတိအကျ သိထားဖို့လိုပါတယ်။ ဒါ့အပြင် လစဉ်လတိုင်းလည်း အပိုငွေကျန်နေအောင် ကြိုးစားပါ။ ဒီလိုဆိုရင် သင့်ရဲ့အမြတ်ငွေတွေ တိုးတက်လာမှာသေချာပါတယ်။ မိမိရဲ့ဘဏ္ဍာရေးအခြေအနေကို သေချာသိထားတာက ချမ်းသာကြွယ်ဝဖို့ အသေချာဆုံးနည်းလမ်းပါပဲ။
၇။ စားသုံးသူအကြောင်းကို သိပါ။
သင့်ရဲ့အလုပ်ရှင်ကလည်း သင့်ရဲ့စားသုံးသူပါပဲ။ ရှင်းရှင်းပြောရရင် အခြားသူတစ်ယောက်ယောက်ဆီက ငွေကြေးအကျိုးအမြတ်ရတိုင်းမှာ သူတို့ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ သင့်ရဲ့စားသုံးသူစိတ်ကျေနပ်မှုရရှိဖို့က သင့်ရဲ့ပထမဦးစားပေးဖြစ်နေဖို့ လိုပါတယ်။ တတ်နိုင်သမျှ လိုတာထက်ပိုပြီး ဖြည့်ဆည်းပေးပါ။ သူတို့အကြောင်းကို သိထားပြီး သူတို့ရဲ့လိုအပ်ချက်တွေကို နားလည်နေပါစေ။ ဘယ်လိုလုပ်ငန်းနယ်ပယ်ထဲမှာမဆို စားသုံးသူအကြောင်းကို သိထားတာက သင့်လုပ်ငန်းတိုးတက်စေဖို့ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
Sunday, January 3, 2016
2015ခုနှစ်တွင်ထွက်ခဲ့သမျှဖုန်းအကြောင်း
2015 ခုနှစ်တွင် ထွက်ခဲ့သမျှ ဖုန်းများအကြောင်း (ဆောင်းပါးရှည်)
၂၀၁၅ အကုန် ၂၀၁၆ ကိုရောက်လာပြီဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာထွက်ခဲ့တဲ့ မိုဘိုင်းဖုန်းတွေအကြောင်းကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။ နည်းပညာဈေးကွက်ဟာလည်း တစ်နှစ်ထက် တစ်နှစ် စိန်ခေါ်မှုတွေပြင်းထန်လာသည်နှင့်အညီ နည်းပညာ ကုမ္ပဏီ တွေဟာလည်း အသစ်အသစ်သော နည်းပညာတွေကို ဖန်တီးပြီး အသုံးပြုသူတို့ရဲ့ အားပေးမှုကို အမိအရ ရယူကြပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာ့ပြိုင်ဆိုင်မှု အပြင်းအထန်ဆုံး နည်းပညာ ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Apple နှင့် Samsung တို့ရဲ့ ပြိုင်ဆိုင်မှုမှာတော့ အရင်နှစ်တွေကလောက် တရားစွဲဆိုမှုတွေ မရှိတာကိုတွေ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ Samsung ကတော့ Apple ကို ယှဉ်ပြိုင်ကာ Products တွေအများအပြားထုတ်ခဲ့တာကိုတွေ့မြင်ရပါတယ်။ အလားတူပဲ အခြား Android Smart Phone တွေလည်း အများအပြားထွက်ရှိလာပါတယ်။ ဒီအထဲကမှ လူသုံးအများဆုံးနှင့် နာမည်အကြီးဆုံး Smart Phone ၁၀ မျိုးအကြောင်းကိုဖော်ပြလိုက်ပါတယ်။
၁။ Samsung Galaxy S6
Android OS 5 , မျက်နှာပြင်အကျယ် ၅.၁ လက်မ, 1440 x 2560 Resolution, RAM 3GB, Storage 32GB/64GB/128GB, ဘက်ထရီအမျိုးအစား 2550mAh, အရှေ့ကင်မရာ 16MP နှင့် အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုကာ ဈေးကွက်အတွင်းကိုဝင်ရောက်လာတဲ့ Samsung Galaxy S6 ဟာ ၂၀၁၅ ကို အကောင်းဆုံးပုံစံနှင့် ဝင်ရောက်လာခဲ့တဲ့ Smart Phone ဖြစ်ပါတယ်။ ၂၀၁၄ မှာ နောက်ဆုံး ထုတ်လုပ်ခဲ့တဲ့ Samsung Galaxy S5 ထက် အစပေါင်းများစွာ သာလွန်ခဲ့ပါတယ်။
QHD မျက်နှာပြင်မှာ အကောင်းဆုံး အလုပ်လုပ်နေတဲ့ Video ကလည်း အရည်အသွေးကောင်းလွန်းလှပါတယ်။ ဒါတင်မကပဲ ၅.၁ လက်မ မျက်နှာပြင်အကျယ်နဲ့ဆိုတော့ ဗီဒီယိုတွေရဲ့ ရုပ်ထွက်ဟာ လိုက်ဖတ်လွန်းလှပါတယ်။ ဒီဇိုင်းကလည်း အရင် Samsung ဖုန်းများနဲ့ လုံးဝ ကွဲထွက်သွားပြီး Samsung ချစ်သူတို့ကို အကောင်းဆုံး စွဲဆောင်ခဲ့ပါတယ်။ အပြင်ကာဗာကို အရင်က ပလပ်စတစ်အစား သတ္တုကိုယ်ထည်ကို အသုံးပြုလိုက်တဲ့အတွက် အရင်ကနဲ့ မတူအောင် စွဲဆောင်မှုရှိနေပါတော့တယ်။ ဒီလိုအချက်အတွေနဲ့ ဈေးကွက်ထဲကို ထိုးဖောက်လာခဲ့တဲ့ Samsung Galaxy S6 ဟာ ၂၀၁၅ ခုနှစ်ရဲ့ စွဲဆောင်မှု အရှိဆုံးနဲ့ အသုံးအများဆုံး ဖုန်းတစ်လုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။
၂။ LG G4
Android OS 5.1 , မျက်နှာပြင်အကျယ် 5.5 လက်မ, 2560 x 1440 Resolution, RAM 3GB, Storage 32 GB, ပြောင်းလဲ တပ်ဆင်နိုင်တဲ့ ဘက်ထရီ 3000 mAh, အပြင်ဘက်ကင်မရာ 16MP, အတွင်းဘက် ကင်မရာ 8MP တို့ကို အသုံးပြုထားတဲ့ LG G4 ဟာလည်း အသုံးပြုတို့ရဲ့ ကြိုက်နှစ်သက်မှုကို ရယူထားတဲ့ Smartphone တစ်မျိုးဖြစ်ပါတယ်။ Smartphone ကို အသုံးပြုသူတို့အများဆုံးရွေးချယ်ကြတဲ့ Feature တစ်မျိုးဖြစ်တဲ့ ကင်မရာကို အကောင်းဆုံးအသုံးပြုကာ ဈေးကွက်အတွင်းကို ဝင်ရောက်လာတဲ့ LG G4 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံ အရည်အသွေးတွေဟာ ကောင်းမွန်လွန်းလှပါတယ်။
အပြင်ကာဗာကလည်း ကြည့်လိုက်ရင် စမတ်ချ လှပစေရန် သားရေ အသားနဲ့ ပြုလုပ်ထားတဲ့အတွက် ပလပ်စတစ်ကာဗာထက်စာရင် သာလွန်ကောင်းမွန်ပြီး စမတ်ကျလှပလွန်းလှပါတယ်။ ကင်မရာကလည်း 16MP ကို အသုံးပြုထားတဲ့အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာလည်း laser auto-focus နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် LG G4 ဟာလည်း 2015 ရဲ့ အကောင်းဆုံး Smartphone တစ်မျိုးမှာပါဝင်နေပါတော့တယ်။
၃။ Samsung Galaxy S6 Edge
Android OS 5, မျက်နှာပြင်အကျယ် 5.1 လက်မ , 1440 x 2560 Resolution, RAM 3GB , Storage 32GB/64GB/128GB, 2560 mAh အမျိုးအစားကို အသုံးပြုထားတဲ့ ဘက်ထရီ ၊ အပြင်ဘက်ကင်မရာ 16MP နှင့် အတွင်းဘက်ကင်မရာ 5MP တို့ကို အသုံးပြုထားတဲ့ Samsung Galaxy S6 Edge ဟာ သူ့ရဲ့ ဒီဇိုင်းအသစ်ကြောင့် S6 နည်းတူ နာမည်ရခဲ့ပါတယ်။ အများနဲ့ မတူတဲ့အချက်ကတော့ Screen ရဲ့ ညာဘက်အခြမ်း အစွန်ဘက်မှာ အနည်းငယ် ကွေးနေတာပဲဖြစ်ပါတယ်။ Samsung Galaxy S6 Edge မှာ ရှိတဲ့ Function တွေဟာ အရင်က ရှိတဲ့ S6 မှာပါဝင်တဲ့ Function တို့အပြင် အခြား Function တွေကိုနောက်ထပ် အများအပြားထပ်သွင်းခြင်းမရှိပဲ ပုံစံ ဒီဇိုင်းကိုသာ အနည်းငယ် ပြောင်းလဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
တကယ်လို့ S6 ရဲ့ ဒီဇိုင်းကို မကြိုက်တဲ့ အသုံးပြုတို့အတွက်တော့ S6 Edge ကို ဒီဇိုင်းပိုင်းအရ ရွေးချယ်ကြပါတယ်။ ဒါကြောင့် 2015 ရဲ့လူသုံးအများဆုံး Smartphone စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။
၎။ iPhone 6S
iOS 9 , မျက်နှာပြင်အကျယ် 4.7 inch, 1334 x 750 Resolution, RAM 2GB , Storage 16GB/64GB/128GB, ဘက်ထရီအမျိုးအစား 1715 mAh, အရှေ့ဘက် ကင်မရာ 12 MP, အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုထားတဲ့ iPhone 6S ဟာ ၂၀၁၅ ခုနှစ်ရဲ့ စက်တင်ဘာလမှာ ထုတ်လုပ်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ iPhone 6 ရဲ့ Feature တွေအတိုင်းထုတ်လုပ်ခဲ့ပြီး အချို့ Feature အနည်းငယ်ကိုသာ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။ အခြားဖုန်းများနဲ့ မတူတဲ့အချက်ကတော့ 3D Touch ပါဝင်ပြီး အခြားဖုန်းများကို ကျော်လွန်ပြီး ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း ဆိုတဲ့ နာမည်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အပြောင်းအလဲ အများအပြားကို မျှော်လင့်နေတဲ့ iPhone ချစ်သူတွေကတော့ iPhone 6 နဲ့သိပ်မကွာတဲ့ iPhone 6S ကို မဝယ်ကြတော့ပဲ iPhone 7 ကိုသာ အသုံးပြုဖို့ စောင့်နေကြပါတော့တယ်။ iPhone 6S ဟာ 3D Touch နည်းပညာကြောင့် ဘက်ထရီသက်တမ်းဟာ အနည်းငယ် တိုတောင်းလွန်းလှပါတယ်။ ဒီအချက်ကသာ iPhone 6S ရဲ့ အကြီးမားဆုံး ထောက်ပြစရာ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ ၂၀၁၅ ရဲ့ အကောင်းဆုံး Smartphone စာရင်းမှာ နံပါတ် ၁ နေရာကနေ ယူထားဆဲဖြစ်ပါတယ်။
၅။ Sony Xperia Z5
Android OS 5.1, မျက်နှာပြင် အကျယ် 5.2 လက်မ, 1920 x 1080 Resolution, RAM 3GB , Storage 32GB , ဘက်ထရီအမျိုးအစား 2900 mAh,အရှေ့ဘက်ကင်မရာ 23 MP နှင့် အတွင်းဘက်ကင်မရာ 5.1 MP တို့ကို အသုံးပြုထားတဲ့ Sony Xperia Z5 ဟာ သူရဲ့ အားသာချက်ဖြစ်တဲ့ ကင်မရာကို အကောင်းဆုံး အသုံးပြုကာ ၂၀၁၅ ရဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။
အဓိကကတော့ Snapdragon 810 processor ကို အသုံးပြုထားခြင်း၊ 3GB RAm ကို အသုံးပြုထားခြင်းတွေကြောင့် အခြား Sony ဖုန်းများထက် သွက်လက်စွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ရေဆိုခံနိုင်အောင် ဖန်တီးထားတဲ့အတွက်လည်း အခြားဖုန်းများနဲ့ မတူပဲ အကောင်းဆုံးဖုန်းအဖြစ်ရပ်တည်နေခြင်းဖြစ်ပါတယ်။
၆။ iPhone 6S Plus
iOS 9, မျက်နှာပြင်အကျယ် ၅.၅ လက်မ၊ 1920 x 1080 resolution, RAM 2GB, Storage 16GB,64GB,128GB , ဘက်ထရီအမျိုးအစား 2750 mAh, အပြင်ဘက်ကင်မရာ 12 MP နှင့် အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုပြီး ၂၀၁၅ ရဲ့ မိုဘိုင်းဈေးကွက်ထဲသို့ iPhone 6S နဲ့ တပြိုင်နက်ဝင်ရောက်လာတဲ့ iPhone 6S Plus ဟာလည်း ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး Smartphone စာရင်းထဲမှာ ပါဝင်လာပါတယ်။
ထူးခြားချက်ကတော့ မျက်နှာပြင်အကျယ်ကိုကြိုက်နှစ်သက်တဲ့ iPhone အသုံးပြုသူတို့အတွက် မျက်နှာပြင်အကျယ်ဟာ ၅.၅ လက်မအသုံးပြုထားခြင်းဖြစ်ပါတယ်။ Apple ရဲ့ ဒုတိယမြောက် phablet ဖုန်းလို့တောင် အမည်တပ်ခေါ်ဝေါ်ကြပါသေးတယ်။ ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများအတွက်ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ပြီး Screen ကြီးကြီးနဲ့ အသားကျနေကြတဲ့ Apple ချစ်သူတို့အတွက်တော့ အကောင်းဆုံး Smartphone ဖြစ်ပါတယ်။
၇။ Samsung Galaxy S6 Edge+
Android OS 5.1, မျက်နှာပြင်အကျယ် 5.7 လက်မ, 1440 x 2560 resolution, RAM 4GB, Storage 32GB,64GB, Battery 3000mAh, အပြင်ဘက် ကင်မရာ 16MP, အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုကာ ဈေးကွက်အတွင်းဝင်ရောက်လာတဲ့ Samsung Galaxy S6 Edge+ ဟာ Samsung ချစ်သူတို့အတွက် နောက်ထပ် ရွေးချယ်စရာ အမျိုးအစား အသစ်တစ်ခု ရရှိလာခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးအစားပေါင်းများစွာကို ထုတ်လုပ်ပြီး အသုံးပြုသူတို့ရဲ့ အာရုံစိုက်မှုကို ရယူနေတဲ့ Samsung ဟာ Smartphone ကောင်းကောင်းအသုံးပြုလိုသူတွေအတွက်တော့ အနည်းငယ် ဇဝေဇဝါဖြစ်စေပါတယ်။
ဒါပေမဲ့ Samsung Galaxy S6 Edge ကို အနည်းငယ် အထူးပြု အပြောင်းအလဲ ပြုလုပ်ထားခြင်းဖြစ်တဲ့အတွက်ကြောင့် S6 Edge ထက်တော့ Feature အနည်းငယ်စုံလာခြင်း၊ မျက်နှာပြင် ညာဘက် အစွန်ကွေးနေတဲ့ အပိုင်းမှာ သေသပ်လှပစွာ ဖန်တီးလာခြင်း၊ စတဲ့အချက်တွေနဲ့ ထိုးဖောက်လာခဲ့ပါတယ်။ Samsung ချစ်သူတို့အတွက်တော့ Samsung Galaxy S6 Edge+ ဟာ 2015 ခုနှစ်ရဲ့ အကောင်းဆုံး Smartphone အဖြစ် နေရာယူထားပါတယ်။
၈။ Nexus 6P
Android OS 6, မျက်နှာပြင်အကျယ် 5.7 လက်မ, 2560 x 1440 resolution, RAM 3GB, Storage 32GB,64GB,128 GB, ဘက်ထရီအမျိုးအစား 3450 mAh, အပြင်ဘက်ကင်မရာ 12.3 MP နှင့် အတွင်းဘက် ကင်မရာ 8MP ဆိုတဲ့ specification တွေဟာ စမတ်ဖုန်းတစ်လုံး အတွက်တော့ အကောင်းဆုံး specification တွေဖြစ်ပါတယ်။ Android Smartphone တွေထဲမှာ အသုံးပြုတဲ့ Android OS ကို ထောက်ပံ့ပေးထားတဲ့ Google ဟာ သူ့ရဲ့ ကိုယ်ပိုင် product မှာတော့ အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်လာခဲ့ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်ကို အသုံးပြုထားခြင်းနဲ့ ကိုက်ညီမှုရှိစေရန် QHD display အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုရာမှာလည်း ကြည်လင် ပြတ်သားတဲ့ resolution နဲ့ ကြည့်ရှုနိုင်တဲ့အပြင် Website များကို အသုံးပြုရာမှာလည်း ပြတ်သားမှု ရှိပါတယ်။ အခြား ဘယ်ဖုန်းအမျိုးအစားမှာမှ အသုံးပြုခွင့်မရှိသေးတဲ့ Andorid version 6 (Marshmallow) ကို အသုံးပြုထားခြင်း ၊ Fingerprint scanner ကိုဖုန်းရဲ့ နောက်ကျောမှာ အသုံးပြုထားခြင်းဟာ တီထွင်ဆန်းသစ်မှုတွေကို ပြသခြင်းပဲဖြစ်ပါတယ်။ တိုးမြှင့်ထားတဲ့ ကင်မရာအရည်အသွေးနှင့်အတူ ဘက်ထရီအမျိုးအစားကိုလည်း တိုးမြှင့်ပေးထားတဲ့အတွက်လိုက်ဖက်ညီမှုရှိလှပါတယ်။ ဒါပေမဲ့ ဈေးနှုန်းအရတော့ ဈေးကြီးတယ် အရင် Nexus ဖုန်းတွေထက်တော့ ဈေးကြီးပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက် Android Version ကိုလည်း အသုံးပြုချင်တယ် ၊ ဈေးကြီးနေလို့ အခက်တွေ့နေတယ်ဆိုတဲ့ Google ချစ်သူတွေအတွက် ဈေးသက်သာတဲ့ Nexus 5X ကိုလည်းနောက်ဆုံးထွက် Android Version နှင့် အသုံးပြုနိုင်ပါပြီ။
၉။ HTC One M9
Android OS 5.1 , မျက်နှာပြင်အကျယ် 5-inch , 1920x1080 Resolution, 3GB RAM , Storage 32GB, ဘက်ထရီအမျိုးအစား 2840mAh, အပြင်ဘက် ကင်မရာ 20.7MP, အတွင်းဘက်ကင်မရာ 4MP တို့ကို အသုံးပြုထားတဲ့ HTC One M9 ဟာ ပြီးခဲ့နှစ်တွေတုန်းက အသံနဲ့ပတ်သက်ပြီး အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ BoomSound ကိုလက်လွတ်ဆုံးရှုံးခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိတော့ အကောင်းဆုံး အရည်အသွေးနဲ့ ရပ်တည်နေသေးတဲ့ Smartphone ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေးကို အခြား စမတ်ဖုန်းများထက် သာလွန်စွာ ထုတ်လုပ်ခြင်း ဒီဇိုင်းပိုင်းမှာလည်း အများနဲ့ မတူအောင်ဖန်တီးနိုင်ခြင်း စတဲ့အချက်တွေကြောင့် မိုဘိုင်းဖုန်း ဈေးကွက်ထဲမှာ အကောင်းဆုံး Smart phone အဖြစ်ရပ်တည်နေစဲဖြစ်ပါတယ်။
၁၀။ Sony Xperia Z5 Premium
Android OS 5.1, မျက်နှာပြင်အကျယ် 5.5 လက်မ၊ 2160 x 3840 resolution , RAM 3GB, Storage 32 GB, ဘက်ထရီအမျိုးအစား 3430 mAh, အပြင်ဘက် ကင်မရာ 23 MP နှင့် အတွင်းဘက် ကင်မရာ 5.1MP တို့ကို အသုံးပြုထားတဲ့ Sony Xperia Z5 Premium ဟာ 4K screen အမျိုးအစားကို အသုံးပြုထားပါတယ်။ အဓိကကတော့ Display ပိုင်းကိုအခြားဖုန်းများထက်အားသာအောင်ဖန်တီးထားခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ကင်မရာအရည်အသွေးကောင်းမွန်ခြင်း ၊ ရေဆိုအကြမ်းခံခြင်း စတဲ့အချက်တွေဟာ Sony ရဲ့ အားသာချက်ဖြစ်တာကြောင့် Sony ဟာသူ့ရဲ့အားသာချက်တွေကိုအဓိကထားပြီးထုတ်လုပ်ကာအသုံးပြုသူတို့ရဲ့နှစ်သက်စွဲလန်းမှုကိုရယူပြီး၂၀၁၅ခုနှစ်ရဲ့အကောင်းဆုံးစမတ်ဖုန်းစာရင်းထဲကိုရောက်ရှိလာပါတော့တယ်။
Ref : Teachrader
Aung Ko Htet (MMA)
#aungkohtet_mma
Website : www.myanmarmobileapp.com
လူချမ်းသာအချို့မှာတွေ့ရ အကျင့်ဆိုးများ
================================
www.mmgentleman.com
(၄) အားမနာတတ်ခြင်း
www.mmgentleman.com
(၇) ငြီးငွေ့လွယ်ခြင်း
╔==========================╗
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚==========================╝
Thorn Htet
================================================
လူချမ်းသာအချို့ မှာတွေ့ရမယ့် အကျင့်ဆိုးများ #Social
အကောင်းအဆိုးဆင်ခြင်တုံတရားကင်းမဲ့တဲ့ စိတ္တဇဝေဒနာရှင်တို့ရဲ့ စရိုက်လက္ခဏာတွေဟာ အောင်မြင် ချမ်းသာနေသူတွေမှာလည်း ရှိတတ်တယ်ဆိုရင် သင်လက်ခံနိုင်ပါ့မလား။ လူချမ်းသာတိုင်းဟာ စိတ္တဇ ဝေဒနာရှင်တွေဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် လေ့လာမှုတွေအရ လူချမ်းသာ အယောက် (၁၀၀)မှာ (၄)ယောက်လောက်က စိတ္တဇဝေဒနာရှင်တွေနဲ့ စရိုက်ချင်းတူညီနေတတ်ပါတယ်။ အဲဒီလို စိတ္တဇဆန်တဲ့ အကျင့်စရိုက်တွေကလည်း သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေရှာဖွေနိုင်ဖို့ အကြောင်းတရားတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် လူချမ်းသာတွေမှာ တွေ့ရတတ်တဲ့ စိတ္တဇဝေဒနာရှင် အကျင့်စရိုက်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) ကိုယ်ချင်းစာတရားမရှိခြင်း
စိတ္တဇဝေဒနာရှင်တွေက တခြားလူတွေကို ကိုယ်ချင်းမစာနာတတ်ကြပါဘူး။ ဒီလိုကိုယ်ချင်းမစာနာတတ်တဲ့ စရိုက်လက္ခဏာကို လူချမ်းသာအများစုမှာ တွေ့ရတတ်ပါတယ်။
(၂) စိတ်ထင်ရာလုပ်တတ်ခြင်း
အရူးကံကောင်းဆိုသလိုပါပဲ။ လူချမ်းသာတစ်ချို့ရဲ့ အောင်မြင်ကြွယ်ဝမှုတွေဟာ ကံတရားနဲ့ အခြေအနေ ပေးလို့သာဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်မှုက သိပ်ပါဝင်လေ့မရှိပါဘူး။ သူတို့ရဲ့ အောင်မြင်မှုဟာ ထင်ယောင် ထင်မှား လျှောက်လုပ်ရင်း ရရှိလာတာဖြစ်ပါတယ်။
(၃) မျက်နှာချိုသွေးတတ်ခြင်း
လုပ်ငန်းခွင်ထဲမှာ နေရာရပြီး အောင်မြင်နေတဲ့လူတွေထဲမှာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ စီမံခန့်ခွဲမှုအရည်အချင်း တွေကြောင့် နေရာရသူနဲ့ မျက်နှာချိုသွေး၊ အပေါ်ဖားအောက်ဖိလုပ်ပြီး နေရာရတဲ့သူ ဘယ်လိုလူမျိုးက ပိုများမယ် ထင်ပါသလဲ။ ဟုတ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူတွေကို မြှောက်ပင့်ပြီး နေရာရလို စိတ်အပြည့်နဲ့ တခြားသူတွေရဲ့အရည်အချင်းကို ကိုယ်ကျိုးအတွက်အသုံးချတတ်သူတွေသာ အောင်မြင် ချမ်းသာနေတတ်ကြပါတယ်။
(၄) အားမနာတတ်ခြင်း
စိတ္တဇဝေဒနာရှင်တွေဟာ သူတို့ကြောင့် တစ်ဖက်သူထိခိုက်သွားပေမယ့်လည်း နောင်တမရတတ်ကြသလို သူတို့အမှားအတွက် အခြားလူကိုပြစ်တင်ဝေဖန်ဖို့ ဝန်မလေးကြပါဘူး။ ဒီလိုပါပဲ။ လူချမ်းသာအလုပ်ရှင်တွေဟာ သူတို့အကျိုးအမြတ်အတွက် ဝန်ထမ်းတွေကို အလုပ်ထုတ်တာတို့၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်တာတို့မှာ ဘယ်သူမျက်နှာမှမကြည့်တတ်ကြပါဘူး။
(၅) တစ်ကိုယ်ကောင်းဆန်ခြင်း
လူချမ်းသာတွေဟာ သာမာန်လူတွေထက် ပိုမိုရက်ရောပြီး ပေးကမ်းစွန့်ကြဲနိုင်မယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လေ့လာမှုတွေအရ သာမာန်လူတန်းစာတွေဟာ သူတို့ဝင်ငွေရဲ့ (၅)ရာခိုင်နှုန်းကျော်ကျော်ကို လှူဒါန်းတတ်ကြပေမယ့် လူချမ်းသာတွေကတော့ ဝင်ငွေရဲ့ (၂)ရာခိုင်နှုန်းလောက် သာ ပေးကမ်းတတ်ကြတယ်လို့ သိရပါတယ်။
(၆) လူ့ကျင့်ဝတ်များ မစောင့်စည်းခြင်း
လူချမ်းသာဆိုတဲ့အသိုင်းအဝိုင်းက လူတွေဟာ သာမာန်လူတန်းစားတွေထက် ကျင့်ဝတ်ဖောက်ပြန်တတ် ကြပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်တာ၊ အခြားလူတွေတန်ဖိုးထားတဲ့အရာတွေကို အတင်းအဓမ္မသိမ်းယူတာ၊ လိမ်ညာပြောဆိုတာ၊ အသာရဖို့အတွက် ကလိမ်ကကျစ်လုပ်တာ စတဲ့ အကျင့်တွေကို သူတို့တွေက ပိုပြီးလုပ်ဆောင်တတ်ကြပါတယ်။
(၇) ငြီးငွေ့လွယ်ခြင်း
စိတ္တဇဝေဒနာရှင်တွေဟာ အသစ်အသစ်သော စိတ်လှုပ်ရှားမှုတွေကို လိုလားတောင့်တတတ်ကြပါတယ်။ ဒါ့ကြောင့်ပဲ စိတ္တဇဝေဒနာရှင်တော်တော်များများဟာ ရာဇဝတ်မှုတွေလုပ်တတ်ကြတာ ဖြစ်ပါတယ်။ ဒီလိုပါပဲ လူချမ်းသာအများစုဟာ သူတို့ရဲ့အခြေအနေကို ခဏလေးနဲ့ငြီးငွေ့ပျင်းရိသွားတတ်ပြီး စိတ်လှုပ်ရှားစရာ ပျော်ရွှင်မှုအသစ်တွေကို ရှာဖွေနေတတ်ကြပါတယ်။
╔==========================╗
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚==========================╝
Thorn Htet
================================================
သင့်ကိုပိုပြီးစမတ်ကျစေမည့်အချက်
သင့်ကိုပိုပြီးစမတ်ကျစေမည့်အချက်(၇)ခု #Style
---------------------------------------------------------------
သင့်ကိုပိုပြီးစမတ်ကျစေမည့် ဆောင်ရန်ရှောင်ရန် (၇)ခု
(၃) မျက်မှန်ထူထူတပ်ပါ။
🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
(၇) စမတ်ကျကျဝတ်ဆင်ပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
Gentleman Magazine (www.mmgentleman.com)
© 🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
Thron Htet
သင့်ကိုပိုပြီးစမတ်ကျစေမည့် ဆောင်ရန်ရှောင်ရန် (၇)ခု
သင့်ကိုလူအများက ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် အထင်ကြီးလေးစားစေလိုပါသလား။ တကူးတကကြိုဇးစားအားထုတ်နေစရာ မလိုပါဘူး။ သင့်ပတ်ဝန်းကျင်မှ လူတွေဆီကို မှန်ကန်တဲ့အမူအယာတွေ ဖော်ပြပေးရုံနဲ့ လူတွေရဲ့အထင်ကြီးလေးစားမှုကို ရရှိနိုင်တယ်လို့ လူမှုသိပ္ပံဆိုင်ရာသုတေသနရလဒ်တွေမှာ ဖော်ပြထားပါတယ်။ ဒီလိုအမူအယာ (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဘီယာခွက်ကို ကိုင်မထားပါနဲ့
လူအများစုဟာ မူးလာပြီဆိုရင် ပေါက်တတ်ကရတွေ လုပ်တတ်ကြပါတယ်။ University of Michigan နဲ့ University of Pennsylvania တို့က ပူးပေါင်းလေ့လာတွေ့ရှိချက်အရ ဘီယာခွက်ကိုကိုင်ထားတတ်သူကို လူတွေက ဉာဏ်ထိုင်းတယ်လို့ ထင်တတ်ကြပါတယ်လို့ သိရပါတယ်။
(၂) လူအများစုနှင့် လမ်းလျှောက်နှုန်းတူညီပါစေ။
လူအများစုဟာ အခြားလူတွေရဲ့လှုပ်ရှားမှုကိုကြည့်ပြီး စိတ်အခြေအနေကို ဆင်ခြင်သုံးသပ်တတ်ကြတယ်လို့ Boston University က သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ အကယ်၍ သင်နဲ့အတူသွားသူတွေထက် မြန်မြန်ပဲဖြစ်ဖြစ် နှေးနှေးပဲဖြစ်ဖြစ် လမ်းလျှောက်မယ်ဆိုရင် သင့်ကိုအားလုံးက ငတုံးတစ်ယောက်လို့ ယူဆတတ်ကြတယ်လို့ ဆိုပါတယ်။
(၃) မျက်မှန်ထူထူတပ်ပါ။
မျက်မှန်တပ်တာဟာ သင့်ကိုဆွဲဆောင်မှုနည်းသွားစေပေမယ့် ထက်မြက်သူတစ်ဦးအဖြစ် ပိုပြီးထင်ရှားပေါ်လွင်စေပါတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဒါထက်မကသေးပါဘူး။ မျက်မှန်အမျိုးအစားကလည်း အရေးကြီးပါတယ်။ မှန်ထူထူ၊ ကိုင်းကြီးကြီး မျက်မှန်တွေ တပ်ဆင်တာက သင့်ကိုဗဟုသုတနှံ့စပ်သူတစ်ဦးအဖြစ် လူတွေကယူဆတတ်ကြပါတယ်။
🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
(၄) ဂရပ်တွေ အသုံးပြုတတ်ပါစေ။
လေ့လာမှုတွေအရ သိပ္ပံနည်းကျအချက်အလက်တွေကို လူတွေက ယုံကြည်လေးစားတတ်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ပုံတွေ၊ ဂရပ်တွေအသုံးပြုတတ်တာကြောင့် သင့်ကိုလူတွေက ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် လေးစားလက်ခံကြမှာဖြစ်ပါတယ်။
(၅) စကားကိုရှင်းလင်းပြတ်သားစွာပြောပါ။
အသံအနေအထားမှန်မှန်၊ အဖြတ်အတောက်မှန်မှန်နဲ့ စကားကိုရှင်းရှင်းလင်းပြောတတ်တာဟာ ယုံကြည်မှုကိုရရှိစေပြီး ထက်မြက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။
(၆) မျက်လုံးချင်းဆုံအောင်ကြည့်ပါ။
တစ်စုံတစ်ယောက်နဲ့စကားပြောတဲ့အခါမှာ မျက်လုံးတည့်တည့်ကိုကြည့်ပြီး ပြောတာဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူ ထက်မြက်သူတွေရဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။
(၇) စမတ်ကျကျဝတ်ဆင်ပါ။
တောင်းမှာ အကွပ် လူမှာ အဝတ်ဆိုတဲ့စကားအတိုင်းပါပဲ။ သင်ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက သင့်အပေါ်လူတွေရဲ့ ထင်မြင်ယူဆချက်ကို ပုံသွင်းပေးပါတယ်။ လေ့လာမှုတွေအရ အဝတ်အစားတွေဟာ အခြားလူတွေပေါ်မှာသာမက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ အတွက်ကိုပါ အရေးပါတယ်လို့ဆိုပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
© 🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
Thron Htet