လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်ကောင်း တစ်ခုဖန်တီး ထားတတ်ဖို့လိုတယ် ။ ကိုယ့်ကို ကူညီထောက်ပံ့သူ ၊ ပံ့ပိုးကူညီသူ ၊ အမှန်တရားကို ညွှန့်ပြပေးသူ ရှိဖို့လိုတယ် ။ ရှိယုံနဲ့လည်းမပြီးသေးဘူး ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကြာရှည်ခိုင်မြဲအောင် ထိန်းသိမ်းနိုင်စွမ်းရှိဖို့ကလည်းအရေးကြီးတယ် ။ အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ ကောင်းမွန်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိသလို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ နောက်လိုက်ကောင်းတွေ အများကြီးလိုတယ် ။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ သူတွေ တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်နိုင်မှုကြောင့် မဟုတ်ပါဘူး ။ ဆိုလိုချင်တာက လူဆိုတာ ဘယ်အရာမှ တစ်ဦးကောင်း စွမ်းဆောင်လို့မရပါဘူး ။ “ ညဆိုတဲ့ အမှောင်ရှိလို့ ကြယ်လေးတွေ အရောင်တောက်ခွင့်ရသလို ၊ အမှောင်ထုကြီးသာမရှိရင် ကြယ်တွေလည်း အရောင်တောက်ခွင့်ရှိလာမှာမဟုတ်ပါဘူး “
No comments:
Post a Comment