ကိုယ့်အနားမှာ ချစ်သူရှိလျက်နဲ့ ပတ်ဝန်းကျင်ကအခြားသောသူတွေကို မျော်လင့်နေဦးမယ်ဆိုရင် အဲ့ဒီအကျင့်က ဘာနဲ့တူသလဲဆိုတော့ စားသောက်ဆိုင်မှာ ကိုယ်မှာပြီးသွားတဲ့ဟာ ရောက်လာတာတောင်
နောက်ထပ်ဘာများကောင်းသေးသလဲလို့ Menu ကိုဆက်ကြည့်နေတဲ့ သူနဲ့တူတယ် ။ အစားအသောက် Menu ကိုဆက်ကြည့်လို့ စိတ်မထိန်းနိုင်ရင် ငွေပိုကုန်တာကလွဲလို့ ဘာမှပြဿနာမရှိပေမယ့် ချစ်သူရှိလျက်သားနဲ့ ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်အတွက်
မျော်လင့်ချက်ရှိနေသေးရင် လိုတာမရ စိတ်သောကများရတာက လွဲလို့ ချစ်သူနှစ်ယောက်အတွက် ဘာတစ်ခုမှကောင်းလာနိုင်စရာမရှိပါဘူး ။ ဒါကြောင့် မရွေးချယ်ခင်ကတည်းက ကိုယ့်အတွက် အကောင်းဆုံး လက်တွဲဖော်ကို ရွေး၊ ရွေးပြီးသွားပြီဆိုရင်လည်း နှလုံးသားထဲက Menu ဖယ်ထုတ်နိုင်ဖို့တော့လိုတယ်
No comments:
Post a Comment