Saturday, November 21, 2015

Change your brain,Change your life

Change your brain,Change your life

ကိုယ့်ရဲ့ကြီးမားတဲ့ အိပ်မက်ရည်မှန်းချက်ကို ဘယ်သူ့ဆီမှာမ အပ်နှံထားမိပါစေနဲ့
ကျွန်တော် အကြိမ်ပေါင်းများစွာညည်းညူနေကြတာကို ကြားနေ ခဲ့ဖူးတာ
ဟိုလူသာ ဟိုလိုလုပ်လိုက်ရင် ငါ့ဘဝ ဒီလိုကောင်းစားနေပြီ
ဒီလူသာ ဒီလိုမလုပ်ခဲ့ရင် ငါ့ဘဝအောင်မြင်နေခဲ့ ပြီစသဖြင့်
နားထောင် မိပြီးတော့
အံ့သြမိ တွေးမိတာ ဘာကြောင့် သူတစ်ပါးကို
ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေ သွားအပ်ထားသလဲပေါ့
ကိုယ့်ဖာသာစောင့်ရှောက်ရမဲ့ အရာကို ပဲဟာ
......................
ကိုယ့်အိပ်မက် ဆိုတာ ကိုယ့်ဟာပဲ
ကိုယ့်ဘဝ ဆိုတာ ကိုယ်ပိုင်တာပဲ ဥစ္စာ
တစ်ပါးသူနဲ့ သွားသက်ဆိုင်နေတယ် ဆိုရင်ဘယ်လိုလုပ်ပြီး ကိုယ့်ဟာဖြစ်နေမှာလဲ
.......................
အဲ့လိုအတွေး ဟာ ကိုယ့်ကိုကိုယ်ကြည့်ကောင်းစေချင် တဲ့
အတွေးကြောင့်သာပါပဲ
ကိုယ့်ရဲ့ အသုံးမကျတဲ့ အစွမ်းအစတွေ ကို ကိုယ် လက်မခံချင်လို့ ရှောင်လွဲတဲ့ အကြောင်းပြချက်
စကားလှလှတွေ နဲ့ တစ်ပါးသူကိုအပြစ် ပုံချ တာပါ
သူရဲဘောကြောင်တတ်တဲ့ လူစားဟာအောင်မြင်ဖို့ ခက်ခဲလှပါတယ်
......................
ဘဝသစ်ကိုစတင်ပါ
ကိုယ့်ဘဝ ကိုယ့်အိပ်မက် ကို ကိုယ်တာဝန်ယူပါ
အတွေးအခေါ် ပြောင်းလဲခြင်းကနေစတင်ပါ
ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ အိပ်မက်ကို ထင်ထင်ရှားရှားပြတ်ပြတ်သားသားချမှတ်ပါ
အရည်အချင်းရှိ သလောက်အပြည့်အဝ လုပ်ဆောင် လိုက်ပါ
ဘယ်လိုအခက်အခဲတွေ ကိုမဆိုလွယ်လွယ် အရှုံးမပေးလိုက်ပါနဲ့
.......................
မသေမချင်း မှတ်ထားရမှာက
သင့်ဘဝနဲ့ သင့်အိပ်မက်က သင့်ဥစ္စာပါ
အကယ်လို့ သင်ကိုယ်တိုင်မတည်ဆောက် ရင်
ဘယ်ကလူက လာတည်ဆောက်ပေးမှာတဲ့ လဲ ???

Credit to Aung Linn Htet
K.K(ကနောင်)

1 comment:

  1. Hard Rock Hotel & Casino Philadelphia - MapyRO
    Find the best Hard Rock Hotel 사천 출장마사지 & Casino Philadelphia, ranked by real users and reviews. Hotel? Get Directions? 경기도 출장안마진주 출장안마 Book now! Rating: 제주도 출장마사지 3.9 · ‎5 votes 포천 출장마사지 · ‎Price range: $

    ReplyDelete