Thursday, January 28, 2016

ကျွန်တော် တို့တွေ တစုံ တရာ ကို ဆုံးဖြတ်ချက်ချ မယ်၊ ကောက်ချက် ချမယ် ဆိုရင် အဲဒီ အရာနဲ့ သက်ဆိုင် တဲ့ အရာအားလုံး (all inputs) သည်၊ မိမိဆီ မှာ ရှိနေရပါမယ်၊ အကယ်၍ များ input မပြည့်ဆုံ လို့ရှိရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကောက်ချက် သည် လွဲသွားနိုင်ပါတယ်၊ input (data) ရှိယုံ နဲ့ ပြီးပြီ လား ဆိုတော့ မပြီး ပါ၊ မိမိ သည် အဲဒီ ကောက်ချက် ဆွဲ တဲ့ အကြောင်း အရာ ကို သေသေချာချာ သိမြင်နားလည် ရဲ့လား ဆိုတာလည်း အရေးပါ ပါတယ်၊ မိမိ ကောက်ချက်ဆွဲ ရမယ့် အကြောင်း အရာ သည် မိမိ ဘယ်လို မှ နားလည် လို့ မဖြစ်နိုင်ဘူး ဆိုရင်၊ သင်သည် ထိုအကြောင်း အရာ ကို မဆုံးဖြတ်နိုင်၊ ကောက် ချက် မဆွဲနိုင်ချေ၊ ထို့ အပြင် မိမိ ရရှိထားသော input (data) သည် မှန်ကန် မှု ရှိ မရှိ လည်း အရေး ပါသေး သည်၊ ရရှိထား သော input (data) သည် အမှား ဖြစ်ပါက လည်း သင် သည် မှန်ကန် သော ကောက် ချက် ကို ဆွဲ နိုင် မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် သင်ရရှိထားသော input (data) ၏ မှန်ကန် မှုရှိ မရှိ ကို စစ်ဆေး နိုင်သည့် စွမ်းရည်ရှိဖို့ လိုပေသည်၊ သင် ၏ တရား မျှတ၊ ဘက် မလိုက် မှု သည် လည်း ကောက် ချက် ဆွဲရာ တွင် အရေးပါပေသည်၊ သင် သည် ၃ ကို ၄ ဟု မြင်နေ သမျှ လည်း မှန်ကန်သော ကောက်ချက် ကို မဆွဲနိုင်ပါ။

ဘာရယ်လို့မဟုတ်ပါ၊ ကောက်ချက် ဘယ်လို ဆွဲသင့် သလဲ ဆိုတာ စဉ်းစား ရာ မှ ပေါ်လာ သော အတွေး စများ သာ ဖြစ်ပါသည်။

No comments:

Post a Comment