Thursday, January 28, 2016

အောင်မြင်ဖို့ ကြိုး စား ကြရာတွင် တခါတရံ မျက်စိလျှမ်း တဲ့ အချက် ကလေးတွေ ရှိတတ်ပါတယ်၊ အဲဒါက တော့ ကျန်းမာရေး ပဲ ဖြစ်ပါတယ်၊ ဘယ်လောက် ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက် ပဲ တော်တော် ကျန်းမာရေး မကောင်း ပါက အချည်းနှီး ပင် ဖြစ်ပါတယ်၊ တချို့လည်း ကြိုး စားရင်း ကျန်းမာရေးကြောင့် နှစ်နဲ့ ချီ အနားယူ ရ သလို၊ တချို့လည်း အသက်ဆုံးရှုံး ခဲ့ပြန်ပါတယ်။

ဒါကြောင့် အသက်ရှည်ရှည် နေ ပြီး၊ အောင်မြင် နေဖို့ လိုပါတယ်၊ ဒီ အတွက် မိမိ ရဲ့ စားသောက် နေထိုင် မှု ပုံစံ ကို အခု ကတည်း က စပြီး ဂရုပြုဆောင်ရွက် သင့်ပါတယ်။

နောက်တခု ကတော့ ဉာဏ်ပညာ ထက်မြက်ခြင်း ပင်ဖြစ်သည်၊ ကြိုးစား တာခြင်း တူပါက ဉာဏ်ပညာ ထက်မြက် သူက ရှေ့သို့ အရောက် မြန်မည်ဖြစ်သည်၊ ဆေးသပ္ပံစာတန်း များ၏ အဆိုအရ သင်၏ ခလေးကို ၀ မှ ၂ နှစ် အတွင်း အလျှံအပယ် ကျွေးသင့် ပေသည်၊ ၀ မှ ၅ နှစ် အတွင်းခလေး ကို သေချာပြုစုကျွေးမွေး ပါက ထိုခလေး၏ ဉာဏ်ရည် ထက်မြက် လာပေမည်၊ ထိုဉာဏ်ရည် ထက် သော ခလေး ကို သေချာပြုစု ပျိုးထောင်ပါ က ထူချွန်ထက်မြက် သော သားကောင်းရတနာ သမီးကောင်း ရတနာ များဖြစ်လာမည် မှာ မြေကြီး လက်ခတ် မလွဲပေ။

No comments:

Post a Comment