Saturday, September 5, 2015

ပျော်ရွှင်မှုကို ရှာဖွေခြင်း

အချို့ သော အရာတွေကို ဥပက္ခာပြုပြီး နေတတ်ဖို့အတွက်
တွေ့သမျှမြင်သမျှ လိုက်ပြောတတ်တဲ့
ကျွန်တော်တို့ အကျင့်တွေ ဖျောက်ပစ်ဖို့လိုတယ် ။
မြင်ပေမယ့် မမြင်သလို ၊
ကြားပေမယ့် မကြားသလို နေနိုင်ဖို့
သမာဓိအားကောင်းကောင်းမွေးနိုင်ရမယ် ။
အမှန်တရားတိုင်းက မှန်တယ်ဆိုပေမယ့်
သူတစ်ပါးမြင်တဲ့အမှန်နဲ့ ကိုယ်မြင်တဲ့ အမှန်က
တူချင်မှတူနေမှာကိုး ။ ကိုယ်မှားတယ်ထင်တဲ့အရာက
သူတစ်ပါးအတွက် မှန်ရင်မှန်နေလိုက်မယ် ။
ကျွန်တော်တို့ အတ္တတွေလျှော့ ဖို့လိုပြီ ။
ဒါကြောင့်....
အချို့ သောအရာတွေကို တွေ့တိုင်းလည်းမပြောနဲ့ ၊
မြင်တိုင်းလည်း မကြည့်နဲ့ ၊ ကြားတိုင်လည်း မသိပါနဲ့ တဲ့ ။
ကျွန်တော်တို့တွေ သမာဓိအားကောင်းကောင်းနဲ့
ဥပက္ခာပြုပြီး နေတတ်အောင် ကြိုးစားတတ်မယ်ဆိုရင်
စိတ်ဆင်းရဲခြင်း ကင်းဝေးသွားပါလိမ့်မယ် ။

No comments:

Post a Comment