၁ . လစာကို အရင်မကြည့်ပါနဲ့ ၊ အတွေ့အကြုံကို အရင်ယူပါ ။
၂ . အရည်ချင်းရှိလာတဲ့အခါ ငွေက မိမိနောက်လိုက်လာပါလိမ့်မယ် ။
၃ . ကိုယ်က ဘယ်လမ်းကြောင်းနဲ့ ပိုပြီးအဆင်ပြေသလည်း
လုပ်ငန်းခွင်ထဲမှာ အမြဲသင်ယူလေ့လာပါ ။
၎ . အလုပ်တစ်ခုတည်းမှာ ဖင်မြဲပြီး လုပ်ကိုင်တတ်တဲ့အကျင့်ကိုရှောင်ပါ ။ သို့သော် ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်နေဖို့တော့ လိုတယ် ။
၅ . ဗဟုသုတပိုင်းနဲ့ပတ်သက်လို့ စာပေများကို ဖတ်ရှုလေ့လာပါ ။
နိုင်ငံရေး ၊ စီးပွားရေး သတင်းမျာကိုလည်း ဖတ်ရှုပါ ။
၆ . ဘယ်အရာမှ ကိုယ်နှင့်မဆိုင်သလိုမနေပါနဲ့ ။ သို့သော် နေရာတိုင်းကိုတော့ ဝင်ရောက် စွက်ဖက်စရာမလိုပါ ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါစေ ။
၇ . လုပ်ကိုင်ခဲ့သည့်အလုပ်တိုင်း ကိုယ့်ခြေရာတွေ ကျန်နေခဲ့ပါစေ ။
ဆိုလိုချင်တာက anchievement ယူဖို့ကိုပြောတာပါ ။
၈ . အကောင်းမြင်စိတ် ၊ သင်ယူလိုစိတ် ပြုပြင်လွယ်စိတ် ရှိပါစေ ။
အလုပ် စလုပ်မယ့် လူငယ်တွေအတွက်ပဲဖြစ်ဖြစ် ၊ လက်ရှိလုပ်နေတဲ့ အလုပ်ကို စိတ်ကုန်နေလို့ပဲဖြစ်ဖြစ် ပြောချင်တာက လုပ်ငန်းတိုင်းမှာ ယူတတ်ရင်ရတဲ့ အတွေ့အကြုံကောင်းတွေရှိသလို ၊ သင်ယူလို့ရတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်းအကြံပြုလိုက်ရပါတယ် ။
No comments:
Post a Comment