ဘ၀ရဲ႕အရသာ #Other
---------------------------
တစ္ခါက တကၠသိုလ္တစ္ခုတည္းကေန ဘြဲ႕ရရွိခဲ့ၿပီး ရာထူးဂုဏ္ရွိန္ေတြနဲ႔ ျဖစ္ေနၿပီျဖစ္တဲ့ ေက်ာင္းသားေဟာင္း အဖြဲ႕တစ္ခုဟာ သူတို႔ရဲ႕ ဆရာပါေမာကၡႀကီးတစ္ဦးဆီကို လာေရာက္လည္ပတ္ေတြ႕ဆံုၾကပါတယ္။ ဆရာႀကီးဆီကို ေရာက္တုန္းေရာက္ခိုက္ ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာရင္းကေန ေက်ာင္းသားေတြဟာ သူတို႔ဘ၀ၾကံဳေတြ႕ရတဲ့ အခက္အခဲေတြ၊ ျပႆနာေတြအေၾကာင္းကို တစ္ေယာက္တစ္မ်ိဳးညည္းတြား ေျပာဆိုမိၾကပါတယ္။
ဒီအခ်ိန္မွာ အလည္လာတဲ့ဧည့္သည္ေတြကို ေကာ္ဖီနဲ႔ဧည့္ခံတဲ့အေနနဲ႔ ပါေမာကၡႀကီးက မီးဖိုခန္းထဲကေန ေကာ္ဖီအိုးနဲ႔ ခြက္ေတြတင္ထားတဲ့လင္ဗန္းတစ္ခ်ပ္ကိုယူလာခဲ့ပါတယ္။ လင္ဗန္းထဲမွာေတာ့ ေၾကြခြက္၊ ဖန္ခြက္၊ ပလတ္စတစ္ခြက္၊ ေဖာ့ခြက္စသျဖင့္ ႐ိုး႐ိုးရွင္းရွင္းေတြေရာ ဆန္းဆန္းျပားျပားလွလွပပေတြပါ ဒီဇိုင္းမ်ိဳးစံုနဲ႔ ေကာ္ဖီခြက္ေတြ ထည့္ထားပါတယ္။
သူ႔ေက်ာင္းသားေတြက ေကာ္ဖီေသာက္ဖို႔ ခြက္ေတြကို အႀကိဳက္ေရြးၿပီးခ်ိန္မွာမွ ဆရာႀကီးကေျပာပါတယ္။ မင္းတို႔အားလံုးသတိထားမိရဲ႕လား။ ခြက္လွလွေလးေတြကို အားလံုးကေရြးခ်က္ၾကၿပီး သာမန္ခြက္ေတြကိုေတာ့ မင္းတို႔ ခ်န္ထားခဲ့ၾကတယ္။ ဒီလိုမ်ိဳးအျမဲတမ္း အေကာင္းဆံုးဆိုတာကိုပဲ လိုခ်င္ေနတယ္ဆိုရင္ေတာ့ အဲဒီအခ်က္ကပဲ မင္းတို႔ၾကံဳေတြ႕ေနရတဲ့ ဘ၀ျပႆနာေတြရဲ႕ အရင္းအျမစ္ျဖစ္တယ္။ မင္းတို႔နားလည္ရမွာက ခြက္က ေကာ္ဖီကိုပိုေကာင္းေအာင္လုပ္မေပးႏိုင္ဘူး။ တစ္ခါတစ္ေလမွာ အေပၚယံပကာသနေတြက မင္းတို႔ ဘာကိုေသာက္ေနတာလဲဆိုတာကို ေမ့သြားေအာင္လုပ္ႏိုင္တယ္။ တကယ္တမ္းေသာက္တာက ေကာ္ဖီကိုပဲ။ ခြက္ကိုေသာက္တာမဟုတ္ဘူးေလ။ အခုပဲၾကည့္ မင္းတို႔အားလံုး ကိုယ္အေကာင္းဆံုးျဖစ္မယ္လို႔ ထင္တဲ့ခြက္ကို ေကာက္ယူၿပီး တျခားသူေတြ ဘာနဲ႔ေသာက္လဲလုိက္ၾကည့္ၾကတယ္။
ထပ္စဥ္းစားၾကည့္စမ္း။ ဘ၀ကို ေကာ္ဖီလို႔သေဘာထား၊ အလုပ္အကိုင္ေတြ၊ ေငြေၾကးဥစၥာေတြ၊ ရာထူးဂုဏ္ရွိန္ေတြကေတာ့ ခြက္ေတြေပါ့။ ေကာ္ဖီထည့္ေသာက္ဖို႔ ခြက္လိုသလိုမ်ိဳးပဲ၊ ဘ၀ကို တည္ေဆာက္ဖို႔အတြက္ အဲဒါေတြလိုတာေပါ့။ ဒါေပမယ့္ ဘယ္လိုခြက္မ်ိဳးလဲဆိုတာက မင္းဘ၀ရဲ႕ အရည္အေသြးကို ဆံုးျဖတ္ေပးႏိုင္တာမဟုတ္ဘူး။ ဒီလိုပဲ မ်ားေသာအားျဖင့္ လူအမ်ားစုက ခြက္ေကာင္းေကာင္းနဲ႔ ေသာက္ရဖို႔အာ႐ုံစိုက္ေနတတ္ၾကတဲ့အတြက္ ေကာ္ဖီရဲ႕အရသာကိုေတာင္ ေသခ်ာမသိတတ္ၾကေတာ့ဘူး။ မင္းတို႔မွတ္ထားၾက။ အေပ်ာ္ရႊင္ဆံုးလူဆိုတာ အေကာင္းဆံုးအရာေတြကို ခ်ည္းပဲ ရေနတဲ့လူမဟုတ္ဘူး။ သူ႔မွာရွိတာေတြနဲ႔ ေပ်ာ္ရႊင္ေက်နပ္ေနတတ္တဲ့သူကိုပဲ အေပ်ာ္ရႊင္ဆံုးလူလို႔ ေခၚတယ္။
A GROUP OF PRESTIGIOUS UNIVERSITY GRADUATES...
GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။
----------------------------------------------------------------------------
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
ဘဝရဲ့အရသာ
တစ်ခါက တက္ကသိုလ်တစ်ခုတည်းကနေ ဘွဲ့ရရှိခဲ့ပြီး ရာထူးဂုဏ်ရှိန်တွေနဲ့ ဖြစ်နေပြီဖြစ်တဲ့ ကျောင်းသားဟောင်း အဖွဲ့တစ်ခုဟာ သူတို့ရဲ့ ဆရာပါမောက္ခကြီးတစ်ဦးဆီကို လာရောက်လည်ပတ်တွေ့ဆုံကြပါတယ်။ ဆရာကြီးဆီကို ရောက်တုန်းရောက်ခိုက် ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းကနေ ကျောင်းသားတွေဟာ သူတို့ဘ၀ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေအကြောင်းကို တစ်ယောက်တစ်မျိုးညည်းတွား ပြောဆိုမိကြပါတယ်။
ဒီအချိန်မှာ အလည်လာတဲ့ဧည့်သည်တွေကို ကော်ဖီနဲ့ဧည့်ခံတဲ့အနေနဲ့ ပါမောက္ခကြီးက မီးဖိုခန်းထဲကနေ ကော်ဖီအိုးနဲ့ ခွက်တွေတင်ထားတဲ့လင်ဗန်းတစ်ချပ်ကိုယူလာခဲ့ပါတယ်။ လင်ဗန်းထဲမှာတော့ ကြွေခွက်၊ ဖန်ခွက်၊ ပလတ်စတစ်ခွက်၊ ဖော့ခွက်စသဖြင့် ရိုးရိုးရှင်းရှင်းတွေရော ဆန်းဆန်းပြားပြားလှလှပပတွေပါ ဒီဇိုင်းမျိုးစုံနဲ့ ကော်ဖီခွက်တွေ ထည့်ထားပါတယ်။
သူ့ကျောင်းသားတွေက ကော်ဖီသောက်ဖို့ ခွက်တွေကို အကြိုက်ရွေးပြီးချိန်မှာမှ ဆရာကြီးကပြောပါတယ်။ မင်းတို့အားလုံးသတိထားမိရဲ့လား။ ခွက်လှလှလေးတွေကို အားလုံးကရွေးချက်ကြပြီး သာမန်ခွက်တွေကိုတော့ မင်းတို့ ချန်ထားခဲ့ကြတယ်။ ဒီလိုမျိုးအမြဲတမ်း အကောင်းဆုံးဆိုတာကိုပဲ လိုချင်နေတယ်ဆိုရင်တော့ အဲဒီအချက်ကပဲ မင်းတို့ကြုံတွေ့နေရတဲ့ ဘ၀ပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်တယ်။ မင်းတို့နားလည်ရမှာက ခွက်က ကော်ဖီကိုပိုကောင်းအောင်လုပ်မပေးနိုင်ဘူး။ တစ်ခါတစ်လေမှာ အပေါ်ယံပကာသနတွေက မင်းတို့ ဘာကိုသောက်နေတာလဲဆိုတာကို မေ့သွားအောင်လုပ်နိုင်တယ်။ တကယ်တမ်းသောက်တာက ကော်ဖီကိုပဲ။ ခွက်ကိုသောက်တာမဟုတ်ဘူးလေ။ အခုပဲကြည့် မင်းတို့အားလုံး ကိုယ်အကောင်းဆုံးဖြစ်မယ်လို့ ထင်တဲ့ခွက်ကို ကောက်ယူပြီး တခြားသူတွေ ဘာနဲ့သောက်လဲလိုက်ကြည့်ကြတယ်။
ထပ်စဉ်းစားကြည့်စမ်း။ ဘဝကို ကော်ဖီလို့သဘောထား၊ အလုပ်အကိုင်တွေ၊ ငွေကြေးဥစ္စာတွေ၊ ရာထူးဂုဏ်ရှိန်တွေကတော့ ခွက်တွေပေါ့။ ကော်ဖီထည့်သောက်ဖို့ ခွက်လိုသလိုမျိုးပဲ၊ ဘဝကို တည်ဆောက်ဖို့အတွက် အဲဒါတွေလိုတာပေါ့။ ဒါပေမယ့် ဘယ်လိုခွက်မျိုးလဲဆိုတာက မင်းဘဝရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်တာမဟုတ်ဘူး။ ဒီလိုပဲ များသောအားဖြင့် လူအများစုက ခွက်ကောင်းကောင်းနဲ့ သောက်ရဖို့အာရုံစိုက်နေတတ်ကြတဲ့အတွက် ကော်ဖီရဲ့အရသာကိုတောင် သေချာမသိတတ်ကြတော့ဘူး။ မင်းတို့မှတ်ထားကြ။ အပျော်ရွှင်ဆုံးလူဆိုတာ အကောင်းဆုံးအရာတွေကို ချည်းပဲ ရနေတဲ့လူမဟုတ်ဘူး။ သူ့မှာရှိတာတွေနဲ့ ပျော်ရွှင်ကျေနပ်နေတတ်တဲ့သူကိုပဲ အပျော်ရွှင်ဆုံးလူလို့ ခေါ်တယ်။
A GROUP OF PRESTIGIOUS UNIVERSITY GRADUATES...
GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
----------------------------------------------------------------------------
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================
No comments:
Post a Comment