ဖုန်းပေါက်ကွဲတယ်ဆိုတာ
=================
ဖုန်းအားသွင်း ပြောလို့ ပေါက်ကွဲတယ် ဘာဖြစ်တယ် ညာဖြစ်တယ်...
ဖုန်းသည် လျှပ်စစ်ပစ္စည်း ဖြစ်သည် မှန်သည်
သို့သော်တည်ငြိမ်လျှပ်စီး ဟုခေါ်သော DC လျှပ်စီးကိုသာ အသုံးပြုသည်
အားသွင်းတော့ ..
ဟုတ်ကဲ့ အားသွင်း Charger မှ AC220v ကို ရယူသော်လည်း ၄င်း Charger သည် DC 5v ,ကိုသာ ပြန်လည် ထုတ်ပေးပါသည် Amper ကတော့ 1A , 2A ဝန်းကျင်
အရည်အသွေး ညံ့သည် ဖြစ်စေ DC5v ကိုသာ ထုတ်သည်
ဖုန်းဓါတ်ခဲသည် DC 4.2v သာ ထုတ်သည်
ဖုန်း Circuit အတွင်း ပြင်းထန်စွာ ပေါက်ကွဲနိုင်သောအရာ လုံးဝ မပါ ...
တစ်ခုတော့ ရှိသည်
အချို့သော ငွေရောင် အိတ်ကလေးနှင့် ထုတ်လုပ်ထားသော ဓါတ်ခဲအချို့ သည် ပေါက်ပြဲ၍ မရ မီးခိုးအူပြီး မီးပန်းသဖွယ် ထဖြစ်တတ်သည်
ဗိုက်ဖေါင်းနေသော ဓါတ်ခဲ အား တူဖြင့်ထုလျှင် အချွှန်ဖြင့် ထိုးဖောက်လျှင် မီးလှန့်နိုင်သည်
ဖုန်းအားသွင်းတာ ကြာလျှင် ဘာဖြစ်နိုင်သနည်း
စက် အနည်းငယ်ပူရုံကလွဲ ဘာမှမဖြစ်ပါ
အားသွင်းချိန် ကြာသည်နှင့်အမျှ မီးအားမငြိမ်လျှင် Power သေသွားနိုင်သည်
သိပ် ရှော့ ဖြစ်လျှင် ဖွတ် ဆိုပြီး မီးခိုး အနဲငယ်ထွက်လာရုံမှအပ ကြီးမားသော ပေါက်ကွဲမှု မဖြစ်နိုင်ပါ
မဟုတ်ပဲ သူများက ပေါက်ကွဲတယ် ပြောပါ့မလား
နိုင်ငံခြားဆိုဒ်တွေထဲက...
ဟုတ်ကဲ့...
စသော နောက်သော ပျော်ရွှင်စေသော ထိတ်လှန့်စေသော လိမ်သော ညာသော ဆေးထိုးသော ဆိုဒ်များစွာ ရှိလေသည်
ဖုန်းကုပ္မဏီ အချင်းချင်း လုပ်ကြံသောအနေဖြင့် ဖန်တီးထားသော ဇာတ်လမ်းအချို့အား ယုံစားမိခြင်း သာ ဖြစ်သည်
မြန်မာပြည် ဖုန်းပြင်သူများ ထဲမှ လည်း မကြားဖူးသေး
လက်တွေ့ ဖုန်း အလုံးပေါင်းများစွာ ပြင်လာသမျှ လုံးဝ မကြုံဖူးသေး
နောက်များ နည်းပညာ ပြောင်းလဲလာပြီး ထပေါက်လျှင်တော့ ယခုစာကို ပြန်ပြင်ရေးမည်
ထူးခြားတာလေးရှိတော့ ဖြည့်စွက်ပြောပါရစေ
အချို့ လူထူးဆန်းများသည် ဆိုင်ကယ်Battery အိမ်သုံးBattery များနှင့် တိုက်ရိုက်ချိတ်ဆက် စမ်းသပ်ကြသည်
ဘယ်လို ပြန်ပြောရမလည်းပင် မသိ
ထို့ပြင် Sony Z 1 လေး ရေလုံသည်ဆိုပြီး ဖုန်းနှင့်တစ်ကွ ရေကူးကန်ထဲ ခုန်ချသည်
ပြီး အားသွင်းသည်
ဂိ ရော ...
သပ္ပေသတ္တာ ကမ္မသကာ ...
Mr.sai အား
ခရက်ဒစ်ပေးပါတယ်
လေးစားစွာဖြင့် PGG စာဖတ်ပရိတ်သတ်များအားပြန်လည်မျှဝေပေးလိုက်ပါတယ်
No comments:
Post a Comment