Wednesday, November 18, 2015

ဖုန်းပြင်သမားရဲ့ဘဝ

ဖုန်း service သမား ဆိုရာမှာ software
ပိုင်းဆိုင်ရာ အထူးပြုသူ hardware ပိုင်းဆိုင်ရာ အထူးပြုသူ နှစ်မျိုး စလုံး အထူးပြုသူ စသဖြင့် ကိုယ် သန်ရာ စိတ်ဝင်စား ရာ အဆင်ပြေ သလို ရပ်တည် ကြ သည်။
အချို့ hardware ကို အထူး ပြု ပြီး software ကို ပါးပါး လုပ်သူများ ရှိသလို  software ကို အထူး ပြု ပြီး hardware ကို ပါးပါး လုပ်သူများလည်း ရှိသည်။ ကိုယ်ပိုင် နဲ့ ရပ်တည် ကြသူများ ရှိသလို လခစား %စားဖြင့်
ဝန်ထမ်း လုပ်သူများလည်း ရှိသည်။ ကြီးကျယ် ခန်းနားသော ဆိုင်ကြီး များ ပိုင်သူများ ရှိသလို
ဆိုင်ခန်းသေးသေးလေးများနဲ့ မခန်းနားပေမဲ့
ဆန်းပြားတဲ့ ဖုန်းလောကမှာ ရှင်သန် လှုပ်ရှား
ရုန်းကန်နေကြသူများလည်း ရှိသည်။
ထို့ပြင် စက်လည်းပြင် ကိုယ့်အတွေ့အကြုံကို
ပြန်လည် သင်ပေးရင်း ရပ်တည်နေသော
ဖုန်းပြု ပြင်ရေးဆိုင်ရာ သင်တန်းဆရာများလည်း ရှိသည်။ သင်တန်း ကျောင်းအနေနဲ့ ဖွင့်ပြီး သင်တာ ရှိသလို ကိုယ့်ဆိုင်မှာ ပြင်ရင်း သင်တန်းသား လက်ခံ ပြီး သင်တာလဲရှိသည်။ သင်တန်းကျောင်း အကြီးကြီး များလည်းရှိသလို သင်တန်းကျောင်း ပိစိကွေးလေးများလည်းရှိသည်။ဒီလို အလွှာ အမျိုးစုံ လူမျိုးစုံ ကျတော်တို့ ဖုန်းလောကမှာရှိ
သည်။ ကျတော် တင်ပြတဲ့အထဲအချို့ အလွှာတွေ ကျန်ကောင်း ကျန်ခဲ့လိမ့်မည်။ထားပါတော့။
ဖုန်းservice ပညာကို ချစ်မြတ်နိုးတဲ့ ဖုန်းပြင်
သမားတိုင်းဟာ ဖုန်းတစ်လုံး ပြင်လို့ ရသွားတိုင်း ရမယ့် ပိုက်ဆံထက် ကိုယ်ပြင်လို့ ရသွားတယ်ပီဆိုတဲ့ ပီတိကို ပို မြတ်နိုးကြပါတယ်။ အချို့ ဖုန်းတွေဆိုပြန်ကောင်းအောင်ပြင်ဖို့  အကြာကြီး အချိန်တွေပေးဆပ်ပြီးပြင်ရသောကြောင့် ငွေရေး ကြေးရေးအရ တွက်ချေ မကိုက်တော့ သော်လည်း ပီတိကိုစား အားရှိ ဝါသနာအရ နေ့မအိပ် ညမအိပ် ရအောင် ပြင်ချင် ပြင်ကြပါတယ်။ ဒါဟာ ဖုန်းပြင်သမား တစ်ယောက်ရဲ့ သိက္ခာ ဒါဟာ ဖုန်းပြင်သမား တစ်ယောက်ရဲ့ ဝါသနာ ။ ဖုန်းပြင်သမား တစ်ယောက် မပြောချင်ဆုံး တွေက နောက်နေ့ အပ်ထားသူ လာရွေးရင် "ပြင်လို့ မရနိုင်တော့ဘူးဗျာ " "ကျတော်ပြင်ကြည့်တာတော့ ရဘူးဗျ "
"လုပ်ကြည့်တာတော့ အဆင်ကို မပြေဘူးဗျာ "
"ပြင်လို့မရနိုင်တော့ဘူး ရတောင် အသစ်ဈေး နီးနီးလောက်ကျမှာ "  စသဖြင့်ပေါ့။ဒါပေမဲ့ သေချာတာက ဖုန်းပြင်သမားတစ်ယောက်အတွက် စမ်းသပ်ခ ဆိုတာ မရှိပေ။ စမ်းသပ်ခ မရှိသည့် အပြင် လာအပ်တုန်းက အခြေအနေထက် ကံဆိုးလို့လုပ်ရင်းကိုင်ရင်း ချွတ်ချော် မှု ရှိလျှင် လျော်ပေတော့ ။သို့သော် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုမှာ အလျော် အစားရှိသည် အရှုံး အမြတ် ရှိသည် ဟု နှလုံးပိုက်ကာအ ပြုံး မပျက် ဆက်လျှောက်နေကြဆဲ ။ ယနေ့ပြင်ရသော ပိုက်ဆံအားလုံးသည် မနက်ဖန် ဖုန်းတစ်လုံးအတွက် အလျော်ဇယား ရှင်း ရန်ဖြစ်သည် ဆိုလည်း ဆက်လျှောက် နေကြဆဲ။ ဖုန်းပြင်သမား အတွက် ထိမ်းသိမ်းခ ဆိုတာ မရှိ သို့သော်ရန်သူမျိုး ငါးပါးကြောင့် ပျက်စီးလည်း အပ်ထားသူ အများစု က အလျော် လိုချင်ကြသည်။ မြို့ တစ်မြို့က ကျတော် နှင့် သိသော ဖုန်းပြင်ဆိုင် တစ်ဆိုင် ကို သူခိုး ဝင်ခိုးသွားပြီး ပြင်ဖို့ အပ်ထားသောဖုန်းအတော်အများပါသွားသည်။နောက်နေ့ ဖြေရှင်းပေးရတော့သည်။ ဖုန်းပြင်သမားတိုင်း ကောင်းသည် မဆိုပါ။
တာဝန်ယူသော ဖုန်းပြင်သမားရှိသလို တာဝန်မဲ့သော ဖုန်းပြင်သမားလည်း ရှိသည်။
သို့သော် မကောင်းသော တာဝန်မဲ့သော ဖုန်းပြင်သမား တစ်ယောက် တွေ့တာနဲ့ ဖုန်းပြင် သမားတိုင်း ဒီလိုပဲနေမှာပါဟု သိမ်းကြုံးပြီး အထင်သေး အမြင်သေး မဆက်ဆံမိစေရန် ဖုန်းပြင် အပ်သူ customer တိုင်းကို အကြံပေးလိုပါ၏။
သူတစ်ပါးနင်းသော ဆိုက်ကားကို ဇိမ်နဲ့ လိုက်စီး ချင်သောအခါ ဆိုက်ကား ဆရာဟု တရိုတသေ မျက်နှာချို သွေး ပိုက်ဆံပေးစီးသလို ဆရာမခေါ်တောင် လေးစားတဲ့အမူအရာနဲ့ ဖုန်းပြင်သမားတစ်ယောက်ကို ဖုန်းပြင်ဖို့ အပ်မယ် ဆို ရင်မိတ်ဆွေရဲ့ ဖုန်းကို စိတ်ရင်းနဲ့ သူအကောင်းဆုံးဖြစ်အောင် ပြင်ပေးပါလိမ့်မယ်။ ဒါသေချာပါတယ် ။

လေးစားစွာဖြင့်
ငလူ

No comments:

Post a Comment