နောက်ဆုံးတန်ဘိုး
ကြက် မသာ,လေး ချိန်ခွင်စက်
ရောင်းတော့ ခပ်သွက်သွက် ။
ဝက် မသာ,ကြီး ကတ္တားစီး
ငွေစ,ရတော့ စပ်ဖြီးဖြီး ။
လူ မသာ,ကောင် ရောင်းမယ် မောင်
ဝယ်သူ မရှိပေါင် ။
ယောင်တောင်တောင် အိမ်ပြင်ထုတ်
ကျက်သရေက ယုတ် ။
ဟင့်အင်း! ပုပ်မယ် ထားနဲ့ကွယ်
သင်္ချိုင်း မြန်ပို့မယ် ။
အဖိုးမတန် ခန္ဓာစုတ်
သေတော့ မြေမှာ မြုပ် မြုပ် မြုပ် ။
မိုးဇက်
No comments:
Post a Comment